MMMZ ကိုအရုပ်လေး တွေ့ရတာဝမ်းသာပါတယ်ခဗျာ အရုပ်လေး ဟုတ်ကဲ့ ဗျ ကျွန်တော်ကလဲ တွေ့ ရတာဝမ်းသာပါတယ် MMMZ အကို ကိုမွေးဖွားခဲ့ တဲ့ ဖေဖေ မေမေ နာမည်ပြောပြပေးပါဦး..... အရုပ်လေးကျွန်တော့် ရဲ့  ကျေးဇူးရှင် ဖေကြီးရဲ့ နာမည်ကတော့  ဦးအောင်သန်းမြင့် ဖြစ်ပြီးမေကြီးရဲ့ နာမည်ကတော့ ဒေါ်လှလှမြင့် ပဲဖြစ်ပါတယ် ပထမဦးစွာ ကျွန်တော့် ဘ၀ရဲ့  အကြီးမားဆုံး ကျေးဇူးရှင်မိဘ2ပါးနဲ့  မမကိုဒီနေရာကနေပဲ ရှိခိုးကန်တော့ လိုက်ပါတယ် MMMZ အကို.....။ မီသားစုလေးနဲ့မိတ်ဆက်ပေး ပါဦး မောင်နှမဘယ်နှစ်ယောက် အကို ပြောပြပေး ပါဦး.....။ အရုပ်လေ ဟုတ်ကဲ့  ကျွန်တော့် မှာ မိသားစုလေးယောက်ရှိပါတယ် ဖေကြီးမေကြီးနဲ့ မမတို့ ပဲဖြစ်ပါတယ် MMMZ ဟုတ် ပျော်ရွှင်စရာမီသားစုလေး ပေါ့နော်....... အရုပ်လေ ဟုတ်ကဲ့ ကျွန်တော့် ရဲ့  ဖေကြီးမေကြီးမမနဲ့ ဒီMusicဆိုတဲ့ အရာလေးရှိနေရင် ကျွန်တော့် ဘ၀မှာ အရာအားလုံး ပြည့် စုံနေပါပြီ အရုပ်လေး ဟုတ်ကဲ့ ကျွန်တော့် နာမည်က အရုပ်လေးလို့ ခေါ်ပါတယ် ကျွန်တော့် ရဲ့  ဂီတအမျိုးအစားကတော့  Popဂီတအမျိုးအစားပါ |
MMMZ အကို Pop ဂီတကိုပေါ့နော် ဘယ်အချိန်ထဲက ၀ါသနာပါတာလဲ ပရိတ်သက်ကြီး ကိုပြောပြပေး ပါဦး
အရုပ်လေး ဟုတ်ကဲ့ ကျွန်တော် ၁၀နှစ်သား အရွယ်လောက်ကထဲက ၀ါသနာပါခဲ့ တာပါ
MMMZ ဟုတ် အခု အရုပ်လေးရဲ့  ဖုန်းလေးထဲက ချစ်သူပျိုတစ်ကိုယ်တော် တေးစီးရီးAlbum အခွေလေးထွက်ရှိထားတယ်လို့သိရတယ်
ဒီ အခွေလေး ဖြစ် အောင် ဘယ်လို ကျိုး စားခဲ့ရတယ်ဆိုတာလေး ပြော ပြပေး ပါဦး
အရုပ်လေး ဟုတ်ကဲ့  ကျွန်တော်2008ခုနှစ်လောက်မှာ အနုပညာလောကထဲကို Strings Studioမှာ အသံဖမ်းအင်ဂျင်နီယာ လုပ်ရင်း ဒီတကိုယ်တော်ခွေလေး ထွက်နိုင်အောင် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ ရပါတယ်
MMMZ အကို သီချင်းတွေကို ရေးသားပေးတဲ့ သူတွေကော ရှိလား ကိုပိုင် ပဲရေးတာလား ဆိုတာ ပရိပ် သက်ကြီးသိအောင် ပြောပြပေး ပါဦး....။
အရုပ်လေး ဟုတ်ကဲ့ ဒီအခွေလေးထဲမှာ ကျွန်တော့် ကိုသီချင်းရေးပေးတဲ့ ကျွန်တော့် ရဲ့ ကျေးဇူးရှင်တေးရေးဆရာတွေကတော့ 
တေးရေးဆရာ >> အာဂမျောက်/ နိုင်ထူး / သားငယ် နဲ့ သော်ဇင်တို့ ပဲဖြစ်ပါတယ်
Music Playerတွေကတော့  >> ကိုနိုင်ဝင်း /ကိုထွန်းကို / ကိုအော်တိုဝမ်း / ကိုအေးချမ်း(Nov24 Band) /ကိုညီနဲ့  နိုင်ထူးတို့ ပဲဖြစ်ပါတယ်
MMMZ PoP လောကထဲကိုဘာအကြောင်းနဲ့ ဝင်လာခဲ့ပြီးတော့ ဘယ်နှစ်ခုနှစ် လောက်က စ၀င်လာခဲ့တာလဲ။ အရုပ်လေး ကျွန်တော်က အလွမ်းဓါတ်ခံရှိတယ်ဗျ(ရီလျှက်) 2008ခုနှစ်လောက်မှာ ကျွန်တော့်အကို တေးရေးဆရာ အော်တိုဝမ်းရဲ့ (လွမ်းလို့ ) ဆိုတဲ့ သီချင်းလေးသီဆိုရင်းနဲ့  စတင်)င်ရောက်လာခဲ့ ပါတယ် ၀င်ရောက်လာခဲ့ ပါတယ် MMMZ အစ်ကိုရဲ့ မွေးနေ့လေးကပရိပ်သက်တွေ သိအောင် ပြာပြပေးပါဦးခင်ဗျာ။ အရုပ်လေး ဟေုတ်ကဲ့  21.4.1986ပါခင်ဗျ MMMZ ဪ.. ဟုတ်ကဲ့။ အဲဒါဆိုရင် အကို အရုပ်လေး ရဲ့ နာမည်အရင်းရော သိခွင့်ရမလားခဗျာ။ အရုပ်လေး ဟုတ်ကဲ့  ကျွန်တော့် နာမည်အရင်းက ညီသစ္စာပါ MMMZ အဲဒါဆိုရင် အရုပ်လေး ရဲ့ လက်ဦးဆရာတွေရော မရှိခဲ့ဘူးလား။ ရှိခဲ့ရင် ပြောပြပေးပါ။ အရုပ်လေ ဟုတ်ကဲ့  ကျွန်တော်ကStringsမှာ ကိုရိန်မိုးရဲ့  နေတိုးဇာတ်ဝင်တေးတွေတော်တော်များများကို အသံဖမ်းပေးပါတယ် ကျွန်တော် ကိုရိန်မိုးကို အသံဖမ်းတဲ့ အချိန်တိုင်း အဆိုပညာတွေကို အသံဖမ်းတဲ့ ခုံကနေလေ့လာသင်ယူခဲ့ ပါတယ် ကိုရိန်မိုးက ကျွန်တော့် ရဲ့  မြင်ဆရာ ကြားဆရာပါ သင်ဆရာကတော့  ကျွန်တော့် ကိုလွမ်းလို့ သီချင်းလေးရေးပေးခဲ့ တဲ့  ကျွန်တော့် ရဲ့ အကို တေးရေးဆရာ အော်တိုဝမ်းပါ |
MMMZ ဟုတ်ကဲ့..။အကို အခုတစ်လောလှုပ်ရှားနေတဲ့ အနုပညာလှုပ်ရှားမှုကိုပရိပ်သက်ကြီးသီအောင်ပြော ပြပေး ပါဦ.....။
အရုပ်လေ ဟုတ်ကဲ့ ကျွန်တော် စတူရီယိုမှာ အသံလဲဖမ်းတယ်
နယ်ပွဲလေးတွေလဲ လိုက်ဆိုနေတယ်
ပီးရင် VCDအတွက်လဲ ထပ်ထဲ့ မဲ့ သီချင်းတွေ ပြင်ဆင်နေတယ်ဗျ
(ရီလျှက်) MMMZ သြော်... ဟုတ်ကဲ့။ အကိုအဆိုနဲ့ပတ်သက်ပြီးအခြားဘာတွေလုပ်သေးလဲ....။
အရုပ်လေ ကျွန်တော် သော်ဇင့် ရဲ့ ယဉ်ပျိုမေတကိုယ်တော်စီးရီးခွေမှာတော့  ဟာမိုနီလိုက်ပေးထားတယ်
ကျန်တော်ဟာမိုနီလိုက်ရင်လဲ အဖွဲ့ မရှိပါဘူး ကျွန်တော်တယောက်ထဲအသံစုံလိုက်ပါတယ်
MMMZ ဟုတ်ကဲ့။ ဒီလောကထဲကိုပေါ့နော် ဒီအနုပညာလောကထဲကို စပြီးဝင်ရောက်လာခဲ့တုန်းက အကို့အနေနဲ့ ကြုံခဲ့ရတဲ့အခက်အခဲလေး တွေ ရှိလားမသိဘူး။
အရုပ်လေ ဟုတ်ကဲ့  ရှိပါတယ်ကျွန်တော် 2008ခုနှစ် အသံဖမ်းအင်ဂျင်နီယာအသင်ဘ၀ထဲက
စတူရီယိုမှာ သီချင်းလာဆိုနေကျ ဖောက်သည်Customerတွေက ကျွန်တော်အသံဖမ်းရင် ကျွန်တော်မလုပ်တတ်တာတွေကိုမှရွေးခိုင်းပီးတော့  ပညာပေးပါတယ်
2008ခုနှစ်ကနေ2009ခုနှစ်1နှစ်လုံးမှာတော့ 
ဒီလိုပညာပေးခြင်းတွေခံရတာကြောင့် နေ့ ရက်ပေါင်းများစွာကိုအားလပ်တဲ့ အချိန်တွေမှာ မျက်ရည်နဲ့ အသက်ဆက်ခဲ့ ရပါတယ်
နောက်ပိုင်းမှာတော့ ကျွမ်းကျင်မှုတွေနဲ့ ပဲ ဂီတလောကကို လျှောက်လှမ်းခဲ့ ပါတယ်
MMMZ ဟုတ်ကဲ့။ နောက်ပြီးတော့ အကို့အနေနဲ့ အနုပညာလောကထဲကို စ၀င်လာတော့ အကို့ အနေနဲ့ ဖြစ်ပျက်ခဲ့တာလေးတွေ၊ သတိရစရာလေးတွေ၊ အမှတ်တရဟာလေးတွေများ ရှိလား မသိဘူး။ အရုပ်လေ ရှိပါတယ် MMMZ ဟုတ်လား။ အဲဒါဆိုရင် ဘယ်လိုပြောမလဲ။ အကို့ရဲ့ အမှတ်အရဆုံး တစ်ခုလောက်။ အရုပ်လေ ကျွန်တော် ကအသံဖမ်းတဲ့ နေ့ တွေ အားနေရင် သီချင်းတွေ ဆိုဖြစ်ပါတယ် ကို့ သီချင်းကိုလဲ လုပ်ပါတယ် စတူရီယိုလာသွင်းတဲ့  Rapperလေးတွေရဲ့ Featuringအပ်ထားတာလေးတွေကိုလဲ အမြဲ ထိုင်လုပ်ဖြစ်ပါတယ် အဲ ထူးခြားချက်ကတော့  အရင်ကထဲက အခုဒီဖုန်းလေးထဲက ချစ်သူပျို တကိုယ်တော်ခွေလေးထွက်ချိန်အထိ ကျွန်တော့် အသံကိုကျွန်တော့် ဘာ့ သာ ကျွန်တော်ပြန်ဖမ်းခဲ့ တာပါ ကို့ အသံ ကိုယ်ပြန်ဖမ်းရတာတော့  မလွယ်ပါဘူး အရမ်းခက်ခဲပါတယ် |
MMMZ ဟုတ် ကဲ့....။ ဒါဆို အကို အရုပ်လေးဖုန်းလေးထဲကချစ်သူပျိုအခွေလေး ဖြစ်မြှောက်အောင်ပေါ့
အကြံပေး တဲ့ သူငယ်ချင်းတွေ
ကူ ညီပေး သူးတွေ ရှိလားပြော ပြပေး ပါဦး
အရုပ်လေ အဟဲ အကြံပေးကတော့  ဖုန်းလေးထဲက ချစ်သူပျိုတေးရေးဆရာ ကိုမျောက် ကိုအာဂမျောက်ပေါ့ 
ကိုအာဂမျောက်က ဒီသီချင်းရေးပေးတဲ့ အပြင်ဒီအခွေရဲ့  ဒီဇိုင်းအားလုံးဆွဲပေးခဲ့ တဲ့ တေးရေးဆရာ Animation Designerပါ
MMMZ ဟုတ်ကဲ့။ အကို့ရဲ့ life style နဲ့ ၀တ်စားဆင်ယင်မှုအပေါ်ရော အကို ဘယ်လိုဂရုစိုက်လဲ မသိဘူး။
အရုပ်လေ အဲ့ ဒီ့ အပိုင်းကတော့  ကျွန်တော် Free Styleပါပဲ
Life Styleကလဲ တက္ကစီမစီးပဲနဲ့  လိုင်းကားတိုးစီးတဲ့ အပြင် တခါတလေ မြို့ ပတ်ရထားနဲ့ ပါ အလုပ်သွားပါတယ်
(ရီလျှက်)
MMMZ အကို လက်ရှိ အကိုက ဘာအလုပ်အကိုင်လုပ်လဲ Strings Studioမှာ အသံဖမ်းအင်ဂျင်နီယာပဲလုပ်ကိုင်တာလား...အကို....။
အရုပ်လေ ဟုတ်ကဲ့  အသံဖမ်းအင်ဂျင်နီယာ လုပ်ရင်းHarmonyလိုက်ပါတယ်
ညီလေး
MMMZ ဟုတ်ကဲ့။ အကို့အနေနဲ့ ဂီတအပေါ်အမြင်နဲ့ အနုပညာသမားတစ် ယောက်အနေနဲ့ ခံယူချက်လေး ဘယ်လိုများရှိလဲ မသိဘူး။
အရုပ်လေ ဟုတ်ကဲ့  ကျွန်တော် ဂီတကို အရမ်းရူးသွပ်ပါတယ်
ကျွန်တော့် လည်ချောင်းထဲမှာ အသံရှိနေသရွေ့  ပရိတ်သတ်ကြီးကို သီချင်းတွေသီဆိုရင်း ဖျော်ဖြေသွားမှာပါ
MMMZ အကို့ကိုပေါ့နော် ဆက်သွယ်အကြုံပေးလို့ရမယ့် email လိပ်စာ၊ facebook account ဒါမှမဟုတ် အကို့ရဲ့ ကိုယ်ပိုင် website ရှိရင်လဲ အကို့ရဲ့ ပရိသတ်တွေအတွက် ပြောပြပေးဦး အကို။
ပြထား ရမလား ပြထားရင်တော့ အက်လာ ကြမယ်နော် fb page တော့ပေး ထားပေါ့
အရုပ်လေ Email ကတော့ [email protected] ပါ FB ပေ့ကတော့ အရုပ်လေး ပါပဲ
MMMZ အကို အနေနဲ့ http://www.mmmusiczone.weebly.com/ အပေါ်ကို ဝေဖန်မှုလေး နည်းနည်းလောက်ပြောပေးပါဦး......။
အရုပ်လေ ကျွန်တော် Myanmar Music Zone WebsiteကိုFacebookမှာ မြင်ဖူးနေတာကြာပါပြီ
တကိုယ်တော်ခွေမထွက်နိုင်သေးခင်ကတော့  အခွေထွက်နိုင်တဲ့ အချိန်မှ အဆက်အသွယ်ပြုလုပ်ဖို့ စဉ်းစားရင်းနဲ့ အခုလိုအချိန်မှ ဆက်သွယ်ဖြစ်တာပါ
Myanmar Music Zoneက သီချင်းတွေတင်ဆက်ပေးတာ အရမ်းကောင်းပါတယ်
Adminတွေက အဆိုတော်တွေပေါ်ကိုလဲ လေးလေးစားစားဆက်ဆံပါတယ်
ဒီWeb Siteကိုကျွန်တော် အရမ်းနှစ်သက်ပါတယ်
Myanmar Music Zone Websiteလဲ ယနေ့ မှစ နောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်မှုတွေများစွာရရှိနိုင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်
MMMZ ပြီးတော့ အရုပ်လေးသီချင်းက Pop တွေပဲ ဆိုထားတာများတယ်နော်။ အဲဒါ အကိုအရုပ်လေး က pop ကိုပဲ အားသန်လို့လား။ ပြီးတော့ တခြားဟာတွေရော လုပ်ဖို့ရှိလား။ ဒါမှမဟုတ် ရှေ့ဆက်ပြီးတော့ ဒီ Pop လိုင်းမှာပဲ နေသွားဖြစ်မှာလား။
အရုပ်လေ ဟုတ်ကဲ့  ကျွန်တော်က အလွမ်းသမားလေ(ရီလျှက်)
ကျွန်တော် Popလွမ်းလွမ်းလေးတွေနဲ့ပဲ ပရိတ်သတ်ကြီးကို ထာဝရ ဖျော်ဖြေသွားမှာပါ
MMMZ ဟုတ်ကဲ့ခဗျာ.... အခုလိုအချိန်ပေးပြီး ဖြေကြားပေးတဲ့ ကိုအရုပ်လေး ကို MMMZ ကော ၊ ပရိတ်သတ်တွေကိုယ်စားကော ကျွန်တော် က အရမ်းပဲ ကျေးဇူးတင်ပါတယ်။
အရုပ်လေ ဟုတ်ကဲ့ ကျွန်တော်ကလဲ Myanmar Music Zone Websiteနဲ့  ခုလို အင်တာဗျုးလေးလုပ်ပေးတဲ့  Adminကိုရော အထူးပဲကျေးဇူးတင်ရှိပါတယ်
MMMZ ဟုတ်ကဲ့ပါ။ ကိုအရုပ်လေး ဒီထက်ပိုပြီးအောင်မြင်မူတွေနဲ့ တွေ့ကြုံနိုင်ပါစေလို့ ဆုတောင်းရင်း ကျွန်တော် တို့ ဒီနေရာမှာပဲ အဆုံးသတ်လိုက်တော့ မယ်နော်။
အရုပ်လေ ဟုတ်ကဲ့ ဗျ။ပေးတဲ့ ဆုနဲ့ အမြန်ဆုံးပြည့် ရပါစေဗျာ။