စန္ဒီ
Trend Myanmar
ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေ ရနေပြီး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိ ထားသူဖြစ်သလို လတ်တလောမှာ တတိယမြောက်တစ်ကိုယ်တော် Playboy ဆိုပြီး ထွက်ရှိထားတဲ့ အေသင်ချိုဆွေကို ပရိသတ်စိတ်ဝင်စားနေတဲ့ သူမရဲ့ချစ်သူ pepsi နဲ့ ဘယ်တော့အိမ်ထောင်ပြု ဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့ “အေသင် အိမ်ထောင်ပြုဖို့ကတော့ လိုပါသေးတယ်။ အေသင်တို့ နှစ်ယောက်လုံးက ငယ်ပါသေးတယ်။ ဒါကြောင့် အေသင် အခုချိန်မှာတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မစဉ်းစားသေးပါဘူး။ အေသင်ရဲ့ချစ်သူ pepsi ကလည်း အမေရိကကို ပြန်ရဦးမှာလေ။ အေသင်တို့ နှစ်ယောက်လုံးက မရင့်ကျက်သေးဘူးဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်မှာ ညှိလို့မရတဲ့ အပိုင်းတွေက အများကြီးပဲ။ ရန်ကလည်း ခဏခဏ ဖြစ်တယ်။ ပြီးရင်လည်း ပြန်တည့်သွားတာပေါ့။ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နဲ့ပဲ ဖြစ်နေတော့တာပါပဲ။ အေသင်တို့ နှစ်ယောက်လုံးက စရိုက်လုံးဝမတူကြဘူး။ အဲဒီလို စရိုက်မတူသူတွေ ဆိုတော့ အရမ်းလည်း ညှိနှိုင်းရပါတယ်။ သူနဲ့ ကိုယ်ကြားမှာလည်း မတူညီတဲ့ အချက်တွေက အရမ်းများတဲ့ အတွက် တစ်ခါတစ်လေ အရမ်းစိတ်ညစ်ရပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ တူတာ တစ်ခုကတော့ တစ်ယောက်နဲ့ တစ်ယောက် တကယ်ချစ်ကြတယ် ဆိုတာပါပဲ။ အဲဒီအချက်လေးက တူနေတဲ့အတွက် အခုချိန်ထိ တစ်ယောက်ကို တစ်ယောက်လက်တွဲ ဖြစ်နေတာပါ။ အချစ်ဆိုတာကို အေသင် နားလည်ထားတာကတော့ တကယ်တည်ငြိမ်ရင့်ကျက်တဲ့သူ နှစ်ယောက်ချစ်ကြရင် ပိုပြီး ခိုင်မြဲလိမ့်မယ်လို့ ထင်ပါတယ်” လို့ သူမက ဖွင့်ဟသွားပါတယ်။ စန္ဒီ Trend Myanmar
0 Comments
သရုပ်ဆောင်စမိုင်းလ်၏ "New Me" အယ်လ်ဘမ်မှ “ပျော်အောင်နေလိုက်တော့” သီချင်းအမ်တီဗီ ရိုက်ကူးမှုတွင် သင်ဇာဝင့်ကျော်နှင့်အတူ အမျိုးသမီးအချင်းချင်း ချစ်ကြိုက်နေသည့် ပုံစံဇာတ်ဝင်ခန်း ရိုက်ကူးမှုနှင့်ပတ်သက်ပြီး ပရိသတ်များ၏ ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိသည်။ “ဒီသီချင်းက နေရာတိုင်းမှာ တန်းတူအခွင့်အရေးရှိသင့်တယ်ဆိုတာကို ပြောချင်တာ။ စမိုင်းလ်က နဂိုကတည်းက မိန်းကလေးကျောင်းမှာ နေခဲ့တာ။ အဲဒီတော့ အချစ်တော်ထားတာတို့ကို နဂိုကတည်းက ၀ါသနာ ပါတယ်။ ဒီသီချင်းလေးရိုက်မယ်ဆိုတော့ အဲဒီအိုင်ဒီယာလေးကိုရပြီး စမိုင်းလ် သြဇီက ဒါရိုက်တာတစ်ယောက်ကို ရိုက်ခိုင်းခဲ့တာ။ စာသားလေးက ချစ်တဲ့သူက ထားသွားရင်လည်း ပျော်အောင်နေတတ်ဖို့ ကြိုးစားပါဆိုတဲ့ စာသားလေးပါ”ဟု ၎င်းက ပြောသည်။ "New Me"အယ်လ်ဘမ်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက ထွက်ရှိခဲ့ခြင်းဖြစ်ပြီး ယင်းအယ်လ်ဘမ်အတွက် အမ်တီဗီရိုက်ကူးရာတွင် “ပျော်အောင်နေလိုက်တော့” သီချင်း၌ ပရိသတ်များအမြင်ဆန်းစေရန် ပုံစံပြောင်းလဲ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ယင်းအယ်လ်ဘမ်ကို မိုးရာသီအကုန် ပွင့်လင်းရာသီ၌ ထွက်ရှိနိုင်ရန် ကြိုးစားနေသည်။ ယင်းအယ်လ်ဘမ်တွင် မြန်မာဒါရိုက်တာများဖြစ်သည့် သုံးပေါင်၊ ၀င်းလွင်ထက်နှင့် အင်္ဂလန်မှ ဒါရိုက်တာ တစ်ဦး၊ သြစတြေးလျမှ ဒါရိုက်တာ တစ်ဦး၊ နယူးဇီလန်မှ ဒါရိုက်တာ တစ်ဦးတို့က ရိုက်ကူးထားခြင်းဖြစ်သည်။ "New Me" အယ်လ်ဘမ်ကို အင်္ဂလန်၊ ဟောင်ကောင်နှင့် စပိန်နိုင်ငံတို့တွင် မော်ဒယ်များဖြင့် ရိုက်ကူးထားကာ ရိုက်ကူးမှု ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ မြင့်မြင့်စိုး Mizzima - News in Burmese ဓာတ်ပုံအညွှန်း - "New Me" အယ်လ်ဘမ်မှ 'ပျော်အောင်နေလိုက်တော့' သီချင်း ဇာတ်ဝင်ခန်းမှ စမိုင်းလ်နှင့် သင်ဇာဝင့်ကျော်။ ဇွန်လ၁၅ရက်တွင် ကျရောက်သော အဖေများနေ့၌ ဖခင်ဂီတသမားကြီး ဦးစောဘွဲ့မှူး အုတ်ဂူရှေ့တွင် ဖခင်အတွက် ရည်စူးကာ ကိုယ်တိုင်ရေးစပ်ထားသောသီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြောင်း သမီးဖြစ်သူ အဆိုတော် မီးမီးခဲကပြောသည်။ ဇွန်လ ၁၅ရက် နံနက်က မိသားစုနှင့်အတူ သွားရောက်ကာ ဖခင်အုတ်ဂူရှေ့တွင် မီးမီးခဲက ‘‘Daddy I Miss You’’ သီချင်းကို သီဆိုခဲ့သည်။ ဇွန်လ ၁၅ ရက်သည် တနင်္ဂနွေနေ့နှင့် တိုက်ဆိုင်သဖြင့် ဘုရားကျောင်းတွင် ထိုသီချင်းကို သီဆိုခဲ့ကြောင်း သိရသည်။ ‘‘ဒီသီချင်းက အဖေ့အတွက် ရည်စူးပြီး ရေးထားတာကြာပါပြီ။ တစ်ခါမှ အုတ်ဂူရှေ့မှာ သွားမဆိုဖူးတော့ မိသားစုနဲ့အတူ အမှတ်တရဖြစ်အောင်သွားဆိုတယ်။ အဖေအနားမှာ မရှိတော့တာ ၀မ်းနည်းပေမယ့် သူ့သမီးတစ်ယောက်အနေနဲ့ ခံစားသက်ဝင်ပြီး ဆိုပေးရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ အစ်မဆိုပြတော့လည်း မိသားစုနဲ့ အမေပါ မျက်ရည်ဝဲကြတယ်။ မနက်တုန်းကလည်း ဘုရားကျောင်းမှာလည်း သွားဆိုတယ်။ အားလုံးက ၀မ်းနည်းကြတယ်။ ဒီသီချင်းလေးကို ကြားတော့ နှလုံးသားထဲမှာ ထိတယ်’’ဟု မီးမီးခဲကပြောသည်။ မီးမီးခဲ၏ Misscall အယ်လ်ဘမ်ဗီစီဒီအတွက် သီချင်းများရိုက်ကူးထားကာ အမြန်ဆုံးထွက်ရှိနိုင်အောင် ပြင်ဆင်နေပြီး ကိုယ်တိုင်ရေး၊ဆိုကာ အခွေသစ်များလည်း ထွက်ရှိနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။ -7Days Daily ကမ္ဘာ့ဂီတလောကတွင် အောင်မြင်နေသော မက်ဒေါနား၊ လေဒီဂါဂါ စသည့်အဆိုတော်များ၏ ဂီတခြေလှမ်းစတင်ခဲ့ရာ ဟောင်ကောင်ရှိ ‘The Fringe Club’ ၌ ဧပြီ ၁၀ ရက်တွင် သွားရောက် ဖျော်ဖြေမည်ဟု အဆိုတော် ဖြူဖြူကျော်သိန်းက ပြောသည်။ ‘‘ကိုယ်လည်း ပထမခြေလှမ်းလေးတစ်ခုလိုမျိုးအနေနဲ့ အပြင်ထွက်ဆိုတဲ့သဘောပါ။ ဟောင်ကောင်မှာရှိတဲ့ မြန်မာပရိသတ်တွေကြား လက်မှတ်ရောင်းတဲ့ပွဲမျိုးမဟုတ်ဘူး။ နိုင်ငံတကာပရိသတ်ကို ရည်ရွယ်ပြီး လုပ်တဲ့ဟာမျိုးပေါ့။ သူတို့ဆီက ဂီတကုမ္ပဏီတွေလာကြည့်ကြတယ်။ အနုပညာအသိုင်းအ၀ိုင်းက ကြည့်ကြတဲ့ နေရာမျိုးပေါ့’’ဟု ဖြူဖြူကျော်သိန်းကပြောသည်။ ယခုလိုသွားရောက်ဖျော်ဖြေခွင့်ရရန် The Fringe Club ရှိ တာဝန်ရှိသူများထံသို့ မိမိ၏ ဂီတသမိုင်းအကြောင်းအရာများ ပေးပို့ခဲ့ရာ ၎င်းတို့က စစ်ဆေးပြီး သဘောကျမှသာ လာရောက်ဖျော်ဖြေရန် ခွင့်ပြုခြင်းဖြစ်ကြောင်း ဖြူဖြူကျော်သိန်းကပြောသည်။ ဖျော်ဖြေချိန် တစ်နာရီရသည့်အတွက် သီချင်းရှစ်ပုဒ်ဖျော်ဖြေရန် စီစဉ်ထားပြီး အင်္ဂလိပ်သီချင်းနှစ်ပုဒ်နှင့် မြန်မာသီချင်းများသီဆိုရန် ပြင်ဆင်နေသည်ဟုဆိုသည်။ The Fringe Club ကို ၁၈၉၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အရည်အသွေးပြည့်မီသော အဆိုတော်များကိုသာ ယင်းနေရာတွင် သီဆိုခွင့်ပြုသည်။ ထိုနေရာ၌ သီဆိုပြီးချိန်တွင် နိုင်ငံတကာဂီတအဆက်အသွယ်များ ရလာနိုင်သည်ဟုဆိုသည်။ ဖြူဖြူကျော်သိန်းသည် သင်္ကြန်ကို မန္တလေးတွင် နှစ်တိုင်း ဖြတ်သန်းခဲ့သော်လည်း ယခုနှစ်တွင် ပထမဆုံးရန်ကုန်သင်္ကြန်ကို မျှော်စင်ကျွန်းနှင့် Grand Royal မဏ္ဍပ်တွင်ရှိမည်ဟု ပြောသည်။ -7Day Daily ဝိုင်းစုခိုင်သိန်း၏ တတိယမြောက် တစ်ကိုယ်တော်အခွေခေါင်းစီးသီချင်း အာဘွား အမ်တီဗီကို ပရိသတ်များနှင့်ရိုက် ကူးသွားမည်ဖြစ်သည်။ ‘‘ဝိုင်းစုရဲ့ တတိယအယ်လ် ဘမ်ထဲက Title Song ဖြစ်တဲ့ ‘အာဘွား’သီချင်း MTV ရိုက်ကူးရေးမှာ ရန်ကုန်မှာရှိတဲ့ ဝိုင်းစု Fan Pa-ge ထဲက ချစ်ပရိသတ်တွေကို အမှတ်တရအနေနဲ့ ဝိုင်းစုနဲ့အတူ ပါဝင်စေချင်ပါတယ်’’ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။ သီချင်းအမ်တီဗီရိုက်ကူးမှု တွင် ပရိသတ်များကို ၎င်း၏ ဖျော် ဖြေပွဲလာရောက်ကြည့်ရှုသူများ နေရာတွင်ထည့်သွင်းရိုက်ကူး သွားမည်ဖြစ်ပြီး ဇွန်လ ၁၉ ရက် နံနက်တွင် စတင်ရိုက်ကူးမည်ဟု ဆိုသည်။ ယခုကဲ့သို့ ပရိသတ်များကို ပါဝင်စေခြင်းမှာ ထာဝရအတွက် အမှတ်တရဖြစ်အောင် ပြုလုပ်ခဲ့ ခြင်းဖြစ်သည်ဟု ဝိုင်းစုခိုင်သိန်းက Fan Page တွင် ရေးသားထား သည်။ အာဘွားစီဒီကို ပြီးခဲ့သည့် နှစ်က စတင်ဖြန့်ချိခဲ့ကာ ပရိသတ် အားပေးမှုရရှိခဲ့ပြီး စီးတီးအက်ဖ် အမ်မှ ချီးမြှင့်သော ၂၀၁၃ ခုနှစ် အတွက် ရောင်းအားအကောင်း ဆုံးအမျိုးသမီးအဆိုရှင်ဆု ရရှိခဲ့ သည်။ ဝိုင်းစုခိုင်သိန်းသည် ၎င်း၏ Fan Page Like နှစ်သိန်းပြည့် အထိမ်းအမှတ်အဖြစ် ပရိသတ် များကို မေးခွန်းများမေးကာ အမှန်ကန်ဆုံးဖြေဆိုနိုင်သည့် ပရိသတ်ဆယ်ဦးနှင့် တွေ့ဆုံသည့်ပွဲကိုလည်း ဇွန်လ ၃ ရက်က ပြုလုပ်ခဲ့သည်။ -7Day Daily မြန်မာသံ ငွေကြယ်ပွင့် အဆိုတော် တစ်ယောက်ဖြစ်သူ မေသက်ထားဆွေ က စစ်ကိုင်း တိုင်းဒေသကြီး၊ ယင်းမာပင် မြို့နယ်၊ ရွှေဆံပင် တံတားနှင့် ကပိုင်ရွာ အနီးတွင် ၂၂စင်း မြောက် တံတား အဖြစ် စန္ဒကိန္နရီ ရွှေဆံပင်အမည်ရှိ တံတား တစ်စင်းအား ဆောက်လုပ် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တံတား အလှူနှင့် ပတ်သက်ပြီး ရွှေဆံပင် ဆရာတော် အရှင်ဝေပုလ္လက “သိန်း ၁ဝဝကျော်လောက် ကုန်ကျမယ့် တံတားတစ်စင်းကို မေသက်ထားဆွေက လှူ မှာပါ။ ရွှေဆံပင် တံတားနဲ့ အလောင်းတော် ကဿပလမ်းပေါ်မှာပါ။ မိုးတွင်းဆို သွားရလာရ ခက်ခဲတဲ့နေရာမှာ တံတားဆောက် လှူမှာပါ။ တံတား နာမည်က စန္ဒကိန္နရီ ရွှေဆံပင်တံတားလို့ နာမည်ပေးထားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက စန္ဒကိန္နရီ သီချင်းနဲ့ နာမည်ကျော်ခဲ့ လို့ပါ။ သူ့ရဲ့အနုပညာကြေးတွေ နဲ့ မတည်ပြီးတော့ သူ့ကိုချစ်တဲ့ ပရိသတ်တွေလည်း ထည့်ဝင် လှူဒါန်းလို့ ရပါတယ်။ လာမယ့် ပွင့်လင်းရာသီ ကို စဆောက်မှာ ဆိုတော့ ပြီးတဲ့ အချိန်ကို အတိအကျကြီးပြောလို့ မရသေးပါဘူး။ တံတား အမျိုးအစား ကတော့ သံကူ ကွန်ကရစ် တံတားပါ။ အရှည်ကတော့ ၃၅ပေလောက် ခန့်မှန်းထားပါတယ်” ဟု မိန့်ဆိုပြောကြားသည်။ သီချင်း ဆို၍ ရရှိသော အနုပညာကြေး များကို မတည်ပြီး ပရိသတ် များနှင့်အတူ ပူးပေါင်း လှူဒါန်းမည့် “စန္ဒကိန္နရီ ရွှေဆံပင်” တံတားနှင့် ပတ်သက်ပြီး လှူဒါန်းရခြင်း အကြောင်း၊ အလှူဒါန ဖြစ်မြောက်စေရန် ပရိသတ်များအား လှုံ့ဆော် စကားကို မေသက်ထားဆွေက “အလောင်းတော် ကဿပကို သမီးတို့ သွားဖူး တယ်။ ရွှေဆံပင် ဆရာတော် ဦးဆောင်တဲ့ တံတား ၂၁ စင်းမြောက်အောင်ပွဲ မှာ သမီးက သွားဖျော်ဖြေရတယ်။ ဘုန်းဘုန်း ကလည်း သမီး တို့ကိုပြောတယ်။ အဲဒီဒေသ က တချို့ နေ ရာတွေမှာ တံတားတွေ မဆောက်နိုင်ဘူး။ မိုးရွာရင် ရေတအား စီးတော့ လှည်းတွေ၊ လူတွေ ရေနဲ့ ပါသွားရော။ အသက်တွေလည်း ဆုံးရှုံး ရတယ်တဲ့။ အဲဒါကြောင့် သမီး ရယ်၊ သမီး ပရိသတ်တွေ နဲ့အတူ တံတားဆောက် မယ် ဆိုပြီး စီစဉ်ဖြစ်တာပါ။ သမီး အခုဆိုထားတဲ့ အနုပညာ ကြေးတွေရယ်၊ သမီးပရိသတ်တွေကို လှူဒါန်းဖို့ လှုံ့ဆော် ပြီး လှူမှာပါ။ ပရိသတ်ကြီးလည်း သမီး ရဲ့တံတား အလှူကုသိုလ်မှာ ပါဝင်ကြ ပါဦး” ဟု ပြောသည်။ မေလ ၃ရက်နေ့မှာ ကျရောက်မည့် ရွှေဆံပင် ဆရာတော် အရှင် ဝေပုလ္လ၏ သက်တော် ၃၉နှစ်ပြည့် မွေးနေ့တွင် ရွှေဆံပင် တံတား တည်ဆောက်ရေး စခန်း၊ ပညာဒါနကျောင်း ရှိ ကျောင်းသား၊ ကျောင်း သူများအား အလှူ့ဒါယကာ၊ ဒါယိကာမများက လှူဒါန်း ကြမည့် အစီအစဉ်၌ တစ်တပ် တအား ပါဝင်မည့် မေသက်ထားဆွေ ၏ အလှူဒါန အစီအစဉ် များကို “ရွှေဆံပင် ဆရာတော် ရဲ့ မွေးနေ့မှာ အဲဒီ ကကျောင်းသား၊ ကျောင်းသူတွေ အတွက် သမီးက အရုပ်တွေ လှူမယ်။ စာအုပ်တွေ လည်း လှူမယ်။ စားစရာတွ လည်း လှူမယ်။ ခဲတံတွေ၊ ဘောပင်တွေ အကုန် လှူမယ်။ ဆရာတော့်ကျောင်း ကို ပစ္စည်းတွေတော့ ပို့လိုက်ပြီ။ သမီးကတော့ မြဝတီမှာ ဖျော်ဖြေပွဲ ရှိတဲ့အတွက် မသွားနိုင်တော့ဘူး” ဟု မေသက်ထား ဆွေ ကပြောသည်။ မျိုးမောင် Popular Journal ဂျီလတ်နဲ့ မဖူးသစ်ကျော် တို့ရဲ့ မင်္ဂလာ ဧည့်ခံပွဲကို ဇွန် ၂၁ ရက်၊ နေ့ခင်း ၁ နာရီ တွင် Western Park Royal (Kan Taw Gyi) မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို တစ်ပွဲ ပဲပြုလုပ် မှာဖြစ်ပေမယ့် ဒီမင်္ဂလာပွဲ မှာတော့ သူငယ် ချင်းတွေ နဲ့ ပျော်ပျော်ပါးပါး ဆင်နွှဲသွားဖို့ စိတ်ကူး ထားကြောင်း ဂျီလတ် ကပြောပါတယ်။ ဂျီလတ်နဲ့ မဖူး သစ်ကျော် တို့က ရည်းစားသက်တမ်း ၅ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။
“၅ နှစ် အတွင်းမှာ သူနဲ့ကိုယ် ပြဿနာတစ်ခါမှ မတက်ဖူးဘူး။ မတက် ဖူးဘူး ဆိုတာကလည်း သူ့အိမ်ကို ဝင်ထွက်တာကလည်း မောင်နှမတွေ လိုပါပဲ။ သူနဲ့ကိုယ် နဲ့ အပြင် သွားတယ် ဆိုရင်လည်း သူ့အိမ်က တူမတွေ၊ ကလေးတွေ ပါ တယ်။ ခရီးတွေ ဘာတွေ သွားရင် သူက ကျွန်တော့်ကို ဖုန်းဆက်တယ်။ ခရီး သွားရတာ အဆင်ပြေ လား၊ နေရတဲ့ အခန်း အဆင်ပြေလားပေါ့။ ဒီလောက် ပါပဲ။ ဒီခရီးမှာ ဘယ်သူတွေ ပါလာသလဲ၊ မိန်းကလေးက ဘယ်သူတွေလဲ ဆို တာမျိုးတွေ လည်း သူမမေးဘူး။ သူ့မှာ အဲဒီလို အကျင့်လည်း မရှိဘူး။ တကယ် တော့ လူတွေက သဝန်တို တာကို ချစ်တယ်လို့ ထင်ကြတယ်။ အစ်ကိုကတော့ အဲဒီလို မထင်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် Privacy တွေကိုဝင်ပြီး ပတ်သက်နေတယ် လို့ထင်တယ်။ ဒါက ချစ်ခြင်းမေတ္တာ နဲ့ တော့မဆိုင်ဘူးလို့ ထင်တယ်။ တကယ်တော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ် ဆိုတာက တိုက် ရိုက်သိစေတဲ့ စကားပါပဲ” လို့ နှစ်ယောက်ကြား ထားရှိတဲ့ နားလည်မှု ချစ်ခြင်း တရားတွေကို ဂျီလတ်က ပြောပါတယ်။ ဂျီလတ်က ချစ်သူ ဖြစ်တဲ့ မဖူးသစ်ကျော်နဲ့ First Year မှာ စတင်တွေ့ခဲ့ ပြီး နှစ်ယောက်စလုံး က စာဖတ်တာ ဝါသနာပါတဲ့ အတွက် စာအုပ်တွေ ငှားဖတ်ကြရင်း ခင်မင် ရင်းနှီး ခဲ့တာဖြစ် ပါတယ်။ အိမ်ထောင် ရှင်ဘဝဖြစ်ပြီး တဲ့နောက်ပိုင်း မိသားစု Plan နဲ့ပတ်သက်ပြီး ဂျီလတ်က.. “အနုပညာက အစ်ကို့ရဲ့ အသက်မွေး ဝမ်းကျောင်းလို ဖြစ်နေပါပြီ။ ကိုယ်ဝါသနာ ပါတာရော၊ ကိုယ့်ရဲ့ စားဝတ်နေရေး အရရော အနုပညာ အလုပ်ကို လုပ်ရမယ့် အရာဖြစ် တယ်။ အဲဒီတော့ အနုပညာနဲ့ ပတ်သက်ပြီးတော့ ဆက်လျှောက် သွားမှာပဲ။ မိသားစု Plan ကတော့ရှိပါ တယ်။ အခုလောလော ဆယ် အစ်ကို တို့နေမှာကတော့ အစ်ကို့ မိဘနဲ့ ကပ်လျက်ပေါ့။ ဒါကလည်း မိဘတွေ နဲ့ အမြဲ ထိတွေ့နေအောင်ပါ။ နောက် ၂ နှစ် အတွင်းမှာ ကလေးယူမယ်။ မိသားစု Plan တွေက တော့ တခြား အများ ကြီး ရှိပါသေးတယ်” လို့ ပြောပါတယ်။ ချစ်သူ ဘေးနား မှာရှိနေတဲ့ အချိန်တွေမှာ ပိုပြီး အားတက်ရတာ တွေ၊ ခွန်အား ပိုဖြစ်ရတာမျိုးတွေ လည်းရှိခဲ့ကြောင်း၊ ချစ်သူ ဘဝ၊ အိမ်ထောင်သည် ဘဝ မှာ တစ်ယောက် နဲ့ တစ် ယောက် တစ်သက်လုံး ချစ်နိုင်ကြဖို့ အတွက်ဦး တည်ကြောင်း၊ ချစ်သူလိုရော၊ ညီမတစ်ယောက် လိုရော ချစ်နိုင်အောင် ကြိုးစားပြီး လိုအပ်တာ ကို အမြဲတမ်း ဖြည့်ဆည်းပေးနိုင်အောင် လုပ်ပေးရမယ် ဆိုတာမျိုး အမြဲတမ်း စဉ်းစားဖြစ်ကြောင်း ဂျီလတ် ကပြော ပါတယ်။ ဂျီလတ် နဲ့ မဖူးသစ်ကျော်က ဟန်းနီးမွန်းကိုတော့ ဘန်ကောက် သွား ဖို့စီစဉ်ထားကြောင်း သိရပါတယ်။ လင်းအက္ခရာ၊ Popular Journal “ချစ်ဖူးခဲ့သမျှ” တစ်ကိုယ်တော် အခွေနဲ့အတူ ပရိသတ် အားပေးမှု အထူး ရရှိ ထားတဲ့ အဆိုတော် ပိုပိုက လတ်တလောမှာ အတွဲခွေတွေ မှာ သီဆို ထားပြီး ဒုတိယ တစ်ကိုယ်တော် အခွေအတွက် သီချင်းရေး၊ သီချင်းသွင်း ဖြစ်နေ ပါတယ်။ ဒုတိယ တစ်ကိုယ်တော် အခွေကို အောက်တိုဘာလလောက် မှာ ထွက်ဖြစ်မယ့် ပိုပိုက “ဒုတိယ အခွေ စီဒီကို အခုထက်ထိ မတီးရသေးဘူး။ PTL မှာ တီးမယ်။ ဆရာ ချစ်စမ်းမောင်က Mixing ဆွဲပေးမယ်ပေါ့။ ဒီ့ထက် ကွာလတီကောင်းအောင် လုပ်မယ်။ သီချင်းတွေ ကိုလည်း ပိုပို ရွေးတဲ့ အပိုင်း မှာတော်တော် စဉ်းစဉ်းစားစားလေး ရွေးရတယ်။ ပထမအခွေနဲ့ တအားကြီး ကွာသွားတာလည်း မလိုချင်ဘူး။ ဒါပေမဲ့ အသစ် စတိုင်လေးတွေ လည်း နား ထောင်စေချင် တယ်။ ပရိသတ် တွေလက်ထဲကို ၉ လပိုင်း၊ ၁ဝ လပိုင်းလောက်ရောက် အောင်ပို့ ပေးမှာပါ” လို့ ပြောပါ တယ်။ ပရိသတ်တွေ ကြိုက်နှစ်သက် ခဲ့တဲ့ “ချစ်ဖူးခဲ့သမျှ” သီချင်း နဲ့ ပတ်သက် ပြီးတော့ လည်း ပိုပိုက “ဒီသီချင်း က ကိုယ့် အခွေ ထဲ မှာထည့်မယ့် သီချင်း မဟုတ်ဘူး။ Underground မှာ လုပ်ခဲ့တဲ့ သီချင်းပါ။ အဲဒီ သီချင်းထဲမှာ ပို ပိုရဲ့ ခံစား ချက်တွေ အကုန်လုံး ပါတယ်။ ကောင်လေးက ပိုပို့ကို ထား သွား ပြီးတော့ ပြန်ရောက် လာတယ်။ သူ့ကြောင့် ပိုပို တော်တော် ခံစားလိုက် ရတယ်။ အဲဒီအတွက် အချိန်တော် တော် ယူလိုက်ရ တယ်။ သူ့မိဘက ကိုယ့်ကို သဘောမတူဘူး။ စိတ် မကောင်း ဖြစ် မိတယ်။ အဲဒီ ခံစားချက်လေး ကို ကိုယ်က ယူပြီးရေးလိုက်တာ။ ဒါလေးက မှတ်မှတ်ရရလေးနဲ့ အမှတ် တရ လေးဖြစ်သွား တာပါ” လို့ ပြောပါတယ်။ သီချင်း တစ်ပုဒ် ကို ကိုယ်တိုင် ရေး၊ ကိုယ်တိုင် ဆိုဖြစ်တဲ့ မိန်းကလေး အဆိုတော် တစ်ယောက် အ နေနဲ့ သီချင်းရေးရ တဲ့ ဘဝကို ပိုပြီး ဂုဏ်ယူမိတယ် ဆိုတဲ့ ပိုပိုက “အတိုင်း မသိ ဝမ်းသာတယ်။ ရှေးဘဝက ကိုယ်လုပ်ခဲ့ တဲ့ကောင်းမှုပေါ့။ မြတ်မြတ်နိုးနိုး နဲ့ကျေနပ်တယ်။ ပိုပိုက အဆို ထက်ကို သီချင်း ရေးရတာကို ပိုပြီးတော့ အား ရတယ်။ ပိုပို့ထက် ဆိုနိုင်တဲ့ အဆို တော်တွေ မြန်မာနိုင်ငံမှာ အများကြီး ရှိပါတယ်။ အဲဒီအတွက် ပိုပို က တေးရေး နဲ့ ပတ်သက်လို့ ပိုပြီး ဂုဏ်ယူချင်တယ်။ တစ်ခါတလေ ကျရင် ကိုယ့်ကိုယ်ကိုယ် မဖြစ်နိုင်ဘူးလို့ ထင်လိုက် ပေမယ့် ရေးလိုက်တဲ့ အချိန်မှာ အဆင်ပြေသွားတာမျိုး ရှိတယ်”လို့ ပြောပါတယ်။ ပရိသတ်တွေ စိတ်ဝင်စားနေ ကြတဲ့ ပိုပို့ရဲ့ အချစ်ရေး နဲ့ ပတ် သက်ပြီး လည်း အေးအေးဆေးဆေး ပါပဲလို့ ပိုပိုက ပြောပါတယ်။ မျိုးမောင် Popular Journal ဂီတစာဆိုလွှမ်းပိုင်ဆိုတဲ့ အခွေလေးကု မကြာမီ အချိန်တွင်းမှာပရိသတ်လက်ထဲ အရောက်ပို့ပေးတော့မယ့် တေးသံရှင်လွှမ်းပိုင်က မကြာမှီသွားရောက်လည်ပတ်ရမယ့် Brazil ပရိုဂရမ်နဲ့ ပတ်သတ်ပြီး သူ့ရဲ့စိတ်လှုပ်ရှားမှုကို ခုလိုပြောပြဖြစ်ခဲ့တာက “ဒီပရိုဂရမ်ကတော့ ခရီးသွားတာကို ရိုက်ပြတာပါပဲ။ ဗဟုသုတတွေ အများကြီးရတဲ့ ပရိုဂရမ်တော့ မဟုတ်ပါဘူး။ Brazil သွားရမယ်ဆိုတော့ စိတ်ခံစားချက်က ပျော်တာပေါ့နော်။ ကျွန်တော်တို့လဲ တစ်ခါမှ မရောက်ဖူးတဲ့နိုင်ငံ၊ ရောက်ဖို့လဲခက်ခဲတယ်။ ပြီးတော့ ကမ္ဘာ့ဖလားအချိန်ဆိုတော့ အပြင်မှာ လက်တွေ့ကြည့်ရမယ်ဆိုတော့ ပိုပြီး စိတ်လှုပ်ရှားပါတယ်။ ဟိုမှာ ဗီဒီယိုလေးတွေလဲ ရိုက်ခဲ့မယ်။ ဒုံးပျံပထမခွေတုန်းကလို ပြန်သုံးလို့ရအောင် ဗီဒီယိုလေးတွေ ရိုက်ခဲ့ပါမယ်။ ကမ္ဘာ့ဖလားက နှစ်တိုင်းအားပေးတာကတော့ အင်္ဂလန်ပါပဲ။ ဘယ်တော့မှ မနိုင်ပေမဲ့ အားပေးပါမယ်။ ထွက်မှာက ၁၄ရက်နေ့မနက်ပေါ့။ ၁၀ရက်ကြာပါမယ်”လို့ သူကပြောပါတယ်။ ဂီတစာဆို လွှမ်းပိုင်အခွေနဲ့ ပတ်သက်ပြီးတော့လည်း သူက “ ရှေ့လ ၇ရက်နေ့ထွက်ပါမယ်။ သီချင်းတွေက ၁၆ပုဒ်ပါပါမယ်။ တစ်ပုဒ်နဲ့ တစ်ပုဒ်ကို အကြောင်းအရာ မထပ်အောင်လဲ လုပ်ထားပါတယ်။ ဒီခွေလေးနဲ့ပတ်သတ်ပြီး ပရိသတ်အားပေးမှုကို အကောင်းဆုံး မျှော်လင့်ထားပါတယ်။ ပရိသတ်ကြိုက်တယ်။ လက်ခံတယ်။ အားပေးတယ်ဆိုရင်ကျေနပ်ပါပြီ။”တဲ့။ ခင်ဆွေသက် Trend Myanmar
MMMZ အကို Pop ဂီတကိုပေါ့နော် ဘယ်အချိန်ထဲက ၀ါသနာပါတာလဲ ပရိတ်သက်ကြီး ကိုပြောပြပေး ပါဦး အရုပ်လေး ဟုတ်ကဲ့ ကျွန်တော် ၁၀နှစ်သား အရွယ်လောက်ကထဲက ၀ါသနာပါခဲ့ တာပါ MMMZ ဟုတ် အခု အရုပ်လေးရဲ့  ဖုန်းလေးထဲက ချစ်သူပျိုတစ်ကိုယ်တော် တေးစီးရီးAlbum အခွေလေးထွက်ရှိထားတယ်လို့သိရတယ် ဒီ အခွေလေး ဖြစ် အောင် ဘယ်လို ကျိုး စားခဲ့ရတယ်ဆိုတာလေး ပြော ပြပေး ပါဦး အရုပ်လေး ဟုတ်ကဲ့  ကျွန်တော်2008ခုနှစ်လောက်မှာ အနုပညာလောကထဲကို Strings Studioမှာ အသံဖမ်းအင်ဂျင်နီယာ လုပ်ရင်း ဒီတကိုယ်တော်ခွေလေး ထွက်နိုင်အောင် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ ရပါတယ် MMMZ အကို သီချင်းတွေကို ရေးသားပေးတဲ့ သူတွေကော ရှိလား ကိုပိုင် ပဲရေးတာလား ဆိုတာ ပရိပ် သက်ကြီးသိအောင် ပြောပြပေး ပါဦး....။ အရုပ်လေး ဟုတ်ကဲ့ ဒီအခွေလေးထဲမှာ ကျွန်တော့် ကိုသီချင်းရေးပေးတဲ့ ကျွန်တော့် ရဲ့ ကျေးဇူးရှင်တေးရေးဆရာတွေကတော့  တေးရေးဆရာ >> အာဂမျောက်/ နိုင်ထူး / သားငယ် နဲ့ သော်ဇင်တို့ ပဲဖြစ်ပါတယ် Music Playerတွေကတော့  >> ကိုနိုင်ဝင်း /ကိုထွန်းကို / ကိုအော်တိုဝမ်း / ကိုအေးချမ်း(Nov24 Band) /ကိုညီနဲ့  နိုင်ထူးတို့ ပဲဖြစ်ပါတယ်
MMMZ ဟုတ်ကဲ့..။အကို အခုတစ်လောလှုပ်ရှားနေတဲ့ အနုပညာလှုပ်ရှားမှုကိုပရိပ်သက်ကြီးသီအောင်ပြော ပြပေး ပါဦ.....။ အရုပ်လေ ဟုတ်ကဲ့ ကျွန်တော် စတူရီယိုမှာ အသံလဲဖမ်းတယ် နယ်ပွဲလေးတွေလဲ လိုက်ဆိုနေတယ် ပီးရင် VCDအတွက်လဲ ထပ်ထဲ့ မဲ့ သီချင်းတွေ ပြင်ဆင်နေတယ်ဗျ (ရီလျှက်) MMMZ သြော်... ဟုတ်ကဲ့။ အကိုအဆိုနဲ့ပတ်သက်ပြီးအခြားဘာတွေလုပ်သေးလဲ....။ အရုပ်လေ ကျွန်တော် သော်ဇင့် ရဲ့ ယဉ်ပျိုမေတကိုယ်တော်စီးရီးခွေမှာတော့  ဟာမိုနီလိုက်ပေးထားတယ် ကျန်တော်ဟာမိုနီလိုက်ရင်လဲ အဖွဲ့ မရှိပါဘူး ကျွန်တော်တယောက်ထဲအသံစုံလိုက်ပါတယ် MMMZ ဟုတ်ကဲ့။ ဒီလောကထဲကိုပေါ့နော် ဒီအနုပညာလောကထဲကို စပြီးဝင်ရောက်လာခဲ့တုန်းက အကို့အနေနဲ့ ကြုံခဲ့ရတဲ့အခက်အခဲလေး တွေ ရှိလားမသိဘူး။ အရုပ်လေ ဟုတ်ကဲ့  ရှိပါတယ်ကျွန်တော် 2008ခုနှစ် အသံဖမ်းအင်ဂျင်နီယာအသင်ဘ၀ထဲက စတူရီယိုမှာ သီချင်းလာဆိုနေကျ ဖောက်သည်Customerတွေက ကျွန်တော်အသံဖမ်းရင် ကျွန်တော်မလုပ်တတ်တာတွေကိုမှရွေးခိုင်းပီးတော့  ပညာပေးပါတယ် 2008ခုနှစ်ကနေ2009ခုနှစ်1နှစ်လုံးမှာတော့  ဒီလိုပညာပေးခြင်းတွေခံရတာကြောင့် နေ့ ရက်ပေါင်းများစွာကိုအားလပ်တဲ့ အချိန်တွေမှာ မျက်ရည်နဲ့ အသက်ဆက်ခဲ့ ရပါတယ် နောက်ပိုင်းမှာတော့ ကျွမ်းကျင်မှုတွေနဲ့ ပဲ ဂီတလောကကို လျှောက်လှမ်းခဲ့ ပါတယ်
MMMZ ဟုတ် ကဲ့....။ ဒါဆို အကို အရုပ်လေးဖုန်းလေးထဲကချစ်သူပျိုအခွေလေး ဖြစ်မြှောက်အောင်ပေါ့ အကြံပေး တဲ့ သူငယ်ချင်းတွေ ကူ ညီပေး သူးတွေ ရှိလားပြော ပြပေး ပါဦး အရုပ်လေ အဟဲ အကြံပေးကတော့  ဖုန်းလေးထဲက ချစ်သူပျိုတေးရေးဆရာ ကိုမျောက် ကိုအာဂမျောက်ပေါ့  ကိုအာဂမျောက်က ဒီသီချင်းရေးပေးတဲ့ အပြင်ဒီအခွေရဲ့  ဒီဇိုင်းအားလုံးဆွဲပေးခဲ့ တဲ့ တေးရေးဆရာ Animation Designerပါ MMMZ ဟုတ်ကဲ့။ အကို့ရဲ့ life style နဲ့ ၀တ်စားဆင်ယင်မှုအပေါ်ရော အကို ဘယ်လိုဂရုစိုက်လဲ မသိဘူး။ အရုပ်လေ အဲ့ ဒီ့ အပိုင်းကတော့  ကျွန်တော် Free Styleပါပဲ Life Styleကလဲ တက္ကစီမစီးပဲနဲ့  လိုင်းကားတိုးစီးတဲ့ အပြင် တခါတလေ မြို့ ပတ်ရထားနဲ့ ပါ အလုပ်သွားပါတယ် (ရီလျှက်) MMMZ အကို လက်ရှိ အကိုက ဘာအလုပ်အကိုင်လုပ်လဲ Strings Studioမှာ အသံဖမ်းအင်ဂျင်နီယာပဲလုပ်ကိုင်တာလား...အကို....။ အရုပ်လေ ဟုတ်ကဲ့  အသံဖမ်းအင်ဂျင်နီယာ လုပ်ရင်းHarmonyလိုက်ပါတယ် ညီလေး MMMZ ဟုတ်ကဲ့။ အကို့အနေနဲ့ ဂီတအပေါ်အမြင်နဲ့ အနုပညာသမားတစ် ယောက်အနေနဲ့ ခံယူချက်လေး ဘယ်လိုများရှိလဲ မသိဘူး။ အရုပ်လေ ဟုတ်ကဲ့  ကျွန်တော် ဂီတကို အရမ်းရူးသွပ်ပါတယ် ကျွန်တော့် လည်ချောင်းထဲမှာ အသံရှိနေသရွေ့  ပရိတ်သတ်ကြီးကို သီချင်းတွေသီဆိုရင်း ဖျော်ဖြေသွားမှာပါ MMMZ အကို့ကိုပေါ့နော် ဆက်သွယ်အကြုံပေးလို့ရမယ့် email လိပ်စာ၊ facebook account ဒါမှမဟုတ် အကို့ရဲ့ ကိုယ်ပိုင် website ရှိရင်လဲ အကို့ရဲ့ ပရိသတ်တွေအတွက် ပြောပြပေးဦး အကို။ ပြထား ရမလား ပြထားရင်တော့ အက်လာ ကြမယ်နော် fb page တော့ပေး ထားပေါ့ အရုပ်လေ Email ကတော့ [email protected] ပါ FB ပေ့ကတော့ အရုပ်လေး ပါပဲ MMMZ အကို အနေနဲ့ http://www.mmmusiczone.weebly.com/ အပေါ်ကို ဝေဖန်မှုလေး နည်းနည်းလောက်ပြောပေးပါဦး......။ အရုပ်လေ ကျွန်တော် Myanmar Music Zone WebsiteကိုFacebookမှာ မြင်ဖူးနေတာကြာပါပြီ တကိုယ်တော်ခွေမထွက်နိုင်သေးခင်ကတော့  အခွေထွက်နိုင်တဲ့ အချိန်မှ အဆက်အသွယ်ပြုလုပ်ဖို့ စဉ်းစားရင်းနဲ့ အခုလိုအချိန်မှ ဆက်သွယ်ဖြစ်တာပါ Myanmar Music Zoneက သီချင်းတွေတင်ဆက်ပေးတာ အရမ်းကောင်းပါတယ် Adminတွေက အဆိုတော်တွေပေါ်ကိုလဲ လေးလေးစားစားဆက်ဆံပါတယ် ဒီWeb Siteကိုကျွန်တော် အရမ်းနှစ်သက်ပါတယ် Myanmar Music Zone Websiteလဲ ယနေ့ မှစ နောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်မှုတွေများစွာရရှိနိုင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ် MMMZ ပြီးတော့ အရုပ်လေးသီချင်းက Pop တွေပဲ ဆိုထားတာများတယ်နော်။ အဲဒါ အကိုအရုပ်လေး က pop ကိုပဲ အားသန်လို့လား။ ပြီးတော့ တခြားဟာတွေရော လုပ်ဖို့ရှိလား။ ဒါမှမဟုတ် ရှေ့ဆက်ပြီးတော့ ဒီ Pop လိုင်းမှာပဲ နေသွားဖြစ်မှာလား။ အရုပ်လေ ဟုတ်ကဲ့  ကျွန်တော်က အလွမ်းသမားလေ(ရီလျှက်) ကျွန်တော် Popလွမ်းလွမ်းလေးတွေနဲ့ပဲ ပရိတ်သတ်ကြီးကို ထာဝရ ဖျော်ဖြေသွားမှာပါ MMMZ ဟုတ်ကဲ့ခဗျာ.... အခုလိုအချိန်ပေးပြီး ဖြေကြားပေးတဲ့ ကိုအရုပ်လေး ကို MMMZ ကော ၊ ပရိတ်သတ်တွေကိုယ်စားကော ကျွန်တော် က အရမ်းပဲ ကျေးဇူးတင်ပါတယ်။ အရုပ်လေ ဟုတ်ကဲ့ ကျွန်တော်ကလဲ Myanmar Music Zone Websiteနဲ့  ခုလို အင်တာဗျုးလေးလုပ်ပေးတဲ့  Adminကိုရော အထူးပဲကျေးဇူးတင်ရှိပါတယ် MMMZ ဟုတ်ကဲ့ပါ။ ကိုအရုပ်လေး ဒီထက်ပိုပြီးအောင်မြင်မူတွေနဲ့ တွေ့ကြုံနိုင်ပါစေလို့ ဆုတောင်းရင်း ကျွန်တော် တို့ ဒီနေရာမှာပဲ အဆုံးသတ်လိုက်တော့ မယ်နော်။ အရုပ်လေ ဟုတ်ကဲ့ ဗျ။ပေးတဲ့ ဆုနဲ့ အမြန်ဆုံးပြည့် ရပါစေဗျာ။ |
အဆိုတော်များဆက်သွယ်ရန်
လစဉ်
အင်တာဗျူး (သို့) သတင်း
All
|