အဆိုဘက် အပြင် သရုပ်ဆောင် ဘက်ပါ ခြေဦး လှည့်လာတဲ့ ကြက်ဖ က လတ်တလောမှာတော့ ဒါရိုက်တာ ပြေဇင် ရိုက်ကူးတဲ့ “ရိုးရိုးမိုက်မိုက်” ဇာတ်ကားကို နေမင်း၊ ထွန်းထွန်း၊ မိုးဟေကို တို့နဲ့အတူ သရုပ်ဆောင်နေပါ တယ်။ ဇာတ်ကား ရိုက်ကူးမှု ပိုင်းမှာ အခက်အခဲ ရှိပေမယ့် သေချာကြိုး စားပြီး သရုပ်ဆောင် ဖြစ်ကြောင်း ပြောတဲ့ ကြက်ဖက “သီချင်း ကျတော့ ရှိုးပွဲတွေက ကျဲနေတယ်။ နယ်ရှိုးတွေ ကလည်း အအဆက် အသွယ် ပြတ်နေတယ်။ လတ်တလောတော့ ဇာတ်ကားပဲ ရိုက်ဖြစ်တယ်။ ကျွန်တော် နှစ်ခုစလုံးကို ဝါသနာပါတယ်။ ရုပ်ရှင်ပိုင်း ကျတော့ ဝင်ငွေလည်း မှန်တယ်။ စိုးရိမ်စရာ သိပ်မရှိဘူး။ သီချင်းပိုင်း ကျတော့ ပိုက်ဆံ ရဖို့ထက် ဝါသနာကိုပဲ အဓိက ဦးစားပေးချင်တဲ့ ခံယူချက် ပဲရှိတော့တယ်။ စီးရီးခွေကို ရောင်း လည်း မရောင်းချင်တော့ဘူး။ ထုတ်လည်း မထုတ်ချင်တော့ဘူး” လို့ပြောပါ တယ်။ ပြည်ပနိုင်ငံတွေ မှာဆိုရင်သီချင်းကို MTV ပုံစံမျိုးတွေ အရိုက်များ လာကြ ပြီး တစ်ပုဒ်ဆို တစ်ပုဒ် ပရိသတ်တွေ ကြားမှာလည်း အောင်မြင်မှု ရရှိခဲ့ကြတာကို တွေ့ရပါတယ်။ အခု နောက်ပိုင်း မှာတော့ မြန်မာနိုင်ငံ မှာလည်း MTV ပုံစံမျိုး ရိုက်ကူး လာကြပေမယ့် အရိုက် နည်းရခြင်း က ဘယ်လို အကြောင်းတွေ ကြောင့် ဖြစ်မလဲဆိုတာ ကို ကြက်ဖက “ကျွန်တော့် အထင်က Team တွေ နည်းနည်း လွဲနေတယ်လို့ ထင်တယ်။ တချို့သီ ချင်းတွေ ဆိုရင် ရိုက်တာ နဲ့ဆိုတာနဲ့ မဆိုင် သလို ပဲ။ အခု နောက်ပိုင်း လူငယ် ဒါရိုက်တာ တွေ MTV ပုံစံမျိုး ရိုက်လာကြပါတယ်။ တချို့ MTV တွေဆိုရင် တော်တော်မိုက်တာ ကိုတွေ့ရတယ်။ အဲဒီဟာ အတွက်တော့ အားရပါတယ်။ ” ပြည်ပက MTV ကို မီတာ ထက် မတူ အောင်ဘဲ လုပ်စေချင်တယ်။ မတူရင် ကို အလိုလို မီပါတယ်။ ဒီကယဉ်ကျေးမှု၊ လူနေမှု ပုံစံနဲ့ မတူတာကိုတော့ အားမပေးစေချင်ဘူး။ ဒီက သဘာဝအတိုင်းပဲ ရိုက်စေချင်တယ်”လို့ ပြောပါတယ်။
တွယ်တာ @ Popular News
တွယ်တာ @ Popular News